Tuesday, March 18, 2014

အတ္တအိပ်စက်ခြင်း

အလှကြွယ်တဲ့ အနံ့မဲ့ခေတ္တာတွေ ပွင့်ချိန်
စကားလုံးများနဲ့ ပိတ်မိနေတဲ့ ဆည်းဆာ
“ဘ၀” ဆိုတဲ့ ဝေါဟာရရဲ့
ဆန်းသစ်စ လရောင်မှိုင်းမှိုင်းမှာ
ကန္တာရညတွေ ဆီးကြိုနေလေရဲ့…
အတိတ်တွေ မှင်နီတား
ကိုယ့်အရိပ်ကို ၀ါးမျို
လရိပ်ချိုချိုမှာ တရေးအိပ်ပါရစေတော့..။
သားချော့တေး ခက်ရေးရေးကြားရုံနဲ့
အမေ့အိမ်ကို လွမ်းမိတယ်….
ဆွေးရိပ်တွေ တေလေမိုးသား
အိမ်အပြန်လမ်းတွေ မှုန်ဝါနေဆဲ….
အဆုံးမသတ်နိုင်တဲ့ လောဘ
အတ္တကို အသက်မွေးဝမ်းကျောင်းပြုရင်း
ရှင်သန်းခြင်းအတွက်
ခဏတာ အိပ်စက်ခွင့်ပြုပါ ..ငါ့ “ခန္ဓာ”……….။
မိုးရာသီ စိုစွတ်မှုနဲ့
အတွေးတွေ မှိုတက်
ကိုယ်ပိုင် အလင်းမရှိပါဘူး…
ကြယ်တလုံးအနေနဲ့တော့
အမှောင်ကိုခွင်း လင်းချင်မိတယ်….
ညတွေရယ်………။.       ။



ပန်းပျိုးလက်

No comments:

Post a Comment

အားမှုကိုကျေးဇူးတင်ပါသည်။