အမြင်တွေထင်ယောင် ထင် မှား
ဘဝအတွက်ပေါ့ပျက်ပျက်မဖြစ်အောင်
ဆားဆိုတဲ့နောင်တက ချိုစေ
အထားအသိုမတက်လို့
မှားကုန်ကြတာမှမဟုတ်တာ
အတ္တတွေမှိုတက်လို့
ယိုထိုးခံရတဲ့ဘဝမှာ မ နေ ချင် ဘူး
ငယ် ရွယ်သူတွေမို့
သ ပြေ ခက်နဲ့ကမ်းလက်တွေကြိုစေ
ချဉ် /ချို  /စပ် /ခါး
အရသာတွေများတဲ့လောကမှာ
ညစာတနှပ်အတွက်
လှော်တက်နဲ့ခက်တဲ့ လှေငယ်
ပင် လယ် ပြင် ကျယ် သ ရွေ့မရပ်လေနဲ့
လေ တ ဝှေ့ 
သံသရာ တ ကွေ့မှာပြန်တွေ့ကြရင်
ပြဿန တပွေ့ တပိုက်နဲ့
ငိုက် မ နေပါစေနဲ့ မိတ်ဆွေ ။  ။
No comments:
Post a Comment
အားမှုကိုကျေးဇူးတင်ပါသည်။