Saturday, April 2, 2016

ချစ်သူတွေရဲ့နေ့



*ဒီနေ့
ချစ်သူများနေ့မဟုတ်ပါဘူး
ဒဿ      ဂီရိ  က မယ်သီတာကိုခိုးတဲ့နေ့
အချစ်စစ်အတွက် အသက်ကိုစတေးတဲ့ဘီလူး
မယ်သီတာကို ရူးရူးမူးမူးချစ်သတဲ့ ......။

*ဒီနေ့
ချစ်သူများနေ့မဟုတ်ပါဘူး
ချစ်ခြင်းကို ကန့်ကွက်တားဆီးမှုတွေ
လဲပြိုစေခဲ့တဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတပါးရဲ့
အမည်နာမနဲ့နေ့ပါ .......။

*ဒီနေ့
ချစ်သူများနေ့မဟုတ်ပါဘူး
ဖြူ စင်စွာချစ်တက်တဲ့
နုလုံးသားတွေမွေးဖွားရာ
ကြည်ပြာရောင် နေ့ကလေးတစ်ရက်ပေါ့ .......။

*ဒီနေ့
ချစ်သူများနေ့မဟုတ်ပါဘူး
စစ်မှန်တဲ့ ချစ်ခြင်းကိုမြတ်နိုးသူတိုင်းအတွက်
နေ့တိုင်းဟာ ချစ်သူတွေရဲ့နေ့ပေါ့ ..... ။   ။


                                ပန်းပျိုးလက်(88)
                       (ချ စ်သူများနေ့အမှတ်တရ)

No comments:

Post a Comment

အားမှုကိုကျေးဇူးတင်ပါသည်။