ဟိုး..တချိန်က ဖြစ်ရပ်လေးမလို့ ပုံပြင် လို့တောင်ပြောနိုင်ပါတယ်……………………
ဂျာမဏီနိုင်ငံက ဂီတဖခင်ကြီး မိုးဆက် မန်ဒယ်လ်ဆန်(Moses Mendelsson) ရဲ့ ဖြစ်ရပ်လေးပါ………………….မိုးဆက်ကအတော်ရုပ်ဆိုးသူတစ်ယောက်ပါတဲ့ ။
လူပုံကလဲ အရပ်ခက်ပုပု ပုံမကျပန်းမကျဖြစ်တဲ့ အပြင် လက်ပြင်ကိုင်းကိုင်းနဲု့ ခါးကုန်းသလိုတောင်ဖြစ်နေသေးတယ်…။
တနေ့မှာတော့ ….ဟန်းမ်ဘတ်(ဂျ) (Hamburg) မှာရှိတဲ့ ကုန်သည်တယောက်ဆီကို
အလည်သွားတယ်…….။အဲဒီကုန်သည် မိတ်ဆွေလူကြီးမှာ တော်တော်လေးကို လှတဲ့
ဖရန်(မ်)ဂျီ(Frumtje) ဆိုတဲ့ သမီးလေးတယောက်ရှိသည်။ မိုးဆက် ခမျာ
အနုပညာသမားပီပီ ခံစားလွယ်တာကြောင့် ကောင်မလေးရဲ့ အလှမှာ ချစ်ခြင်းတွေ
အလီလီကျရှုံးခဲ့ ပါသည်။ သူ ကောင်မလေးကို မြင်မြင်ခြင်း
ချစ်မိသွားပါတော့သည်။ ဒါပေမဲ့ သူ့အသွင်က ကောင်မလေး မကြိုက်လောက်တော့
စိတ်တွေလေးနေပါတယ်။ သူထင်သလိုပါပဲ ကောင်မလေး စိတ်ထဲမှာလဲ
တမျိုးမြင်နေတယ်လေ….ခုခေတ်လိုပြောရရင်တော့ “ဟာ…ဒီဘိုးတော်ကလည်း ပုံမကျ
၊ပန်းမကျကြီးပဲ..”လို့မြင်နေတာပါပဲ….။ကဲ ဒီလိုနဲ့
ဇာတ်လမ်းကစခဲ့တာပေါ့……………………….။
မိုးဆက် ပြန်ဖို့ရာနီးကပ်လာတဲ့ အခါမှာတော့ သူဟာ ရှိသမျှအားအင်တွေစု
သတ္တိမွေးပြီး နောက်ဆုံးအခွင့်အရေးအနေနဲ့ ကောင်းမလေးကိုချစ်တယ် ပြောဖို့
ကောင်မလေးရှိရာအိမ်အပေါ်ထပ်ဆီသို့ လှေကားထစ်တွေကို တွေတွေကြည့်ရင်း
တက်သွားလိုက်သည်။ အပေါ်ရောက်တော့…..အားပါးပါး နတ်သမီးလေးလို
လှလိုက်တဲ့ ကောင်မလေး………..အရမ်းလှတယ်…..။သူ့ဘက်က အရမ်းလှနေတဲ့ ကောင်မလေးက
သူ့ကို လှည့်တောင်မကြည့်ပါဘူး….။တမင်
မျက်နှာလွဲထားတာသိတော့ ကြေကွဲစို့နစ်….ရင်ဘက်ထဲမှာ….သူ့ရင်ဘက်ထဲမှာ ကျေကွဲခြင်းမိုးတိမ်တို့လဲပြို……….သူ့နုလုံးသားလေး
ငိုနေခဲ့ပေါ့…………………..” အို…..ချစ်သူလေးရယ် ”
။ ကောင်မလေးရဲ့ ဘေးခက်လှမ်းလှမ်းဝင်ထိုင်ရင်း ကောင်မလေးကို
စကားလှည့်ပြောဖို့ အကြိမ်ကြိမ်တောင်းဆိုပါတယ်….။ သို့သော် အချည်းနှီး
။ နောက်ဆုံး မိုးဆက် တယောက်ရှက်လာပြီး မေးခွန်းတခုကို စကားမဆက်
မေးလိုက်တယ်…
” လက်ထက်ခြင်း ဆိုတာအတူတကွကောင်းကင်ဘုံလေးတခု တည်ဆောက်ခြင်းဆိုတာကို မင်းယုံကြည်သလား…”
အဲဒီအချိန်မှာ………ကောင်မလေးကပြန်ဖြေတယ်…….”အင်း” …ပြီးတော့….”ကိုမိုးဆက်
ကရော…” လို့ပြန် ပြီးမေးတယ်…….မိုးဆက်ကလည်း “အင်း….အကိုလည်း အဲလိုပဲ
ယုံကြည်ထားတယ်”…။ ပြီးတော့ ဆက်ပြောလိုက်တယ်…..”
မင်းသိလား…ယောင်္ကျားလေးတယောက်မွေးဖွားတော့ မယ်ဆိုရင် ကောင်းကင်ဘုံက
မထွက်ခွာခင် ဘုရားသခင်ကသူ့ကို မေးတယ်…”မင်း ဘယ်လို မိန်းခလေးကို ယူမလဲ”
တဲ့…..အင်း..အခုလဲ အဲလိုပဲ ကိုညကအိပ်မက်မက်တယ်…..အိပ်မက်ထဲမှာ ဘုရားသခင်က
ကို့ကို ကိုအနာဂတ်မှာလက်ထက်ရမဲ့ ကောင်မလေးကို ပုံဖော်ပြတာ…ပြီးတော့
ဘုရားသခင်ကပြောတယ် “… မောင်ရင်ရဲ့ ဇနီးက ခါးကုန်းကုန်းလေး ဖြစ်နေလိမ့်မယ်”
တဲ့…..အဲဒီမှာ ကိုပြန်ပြောလိုက်တယ် ” ဟာ…….မဖြစ်ဘူး…မဖြစ်ဘူး….အို….အဖ
ဘုရား… အဲဒီခါးကုန်းတာကို ကျွန်တော်မျိုးကိုပဲ
ထပ်ပေးလိုက်ပါတော့….ကျွန်တော်ပဲ အဖြစ်ခံပါရစေတော့…မိန်းခလေးတယောက်အနေနဲ့
ခါးကုန်းကြီးဖြစ်နေရင် အလွန်ကျေကွဲဝမ်းနည်းစေရာကောင်းပါတယ်……အကျွန့်ကို
သာအဲဒီခါးကုန်းခြင်းကို ပေးပါတော့…..သူ့ကိုတော့ ကျော့ရှင်းလှပမှုတွေပေးသနားလိုက်ပါ…အရှင်
” လို့ ကိုပြောခဲ့တယ်လို့မက်တယ်…..”
အဲဒီအခါ…ကောင်မလေးရဲ့ စိတ်မှာ မိုးဆက်ရဲ့ သူချစ်တဲ့ကောင်မလေး အပေါ်ထားတဲ့
စွန့်လွှတ်အနစ်နာ ခံမှုတွေကို အသိအမှတ်မပြုပဲ မနေနိုင်တော့ပြီ..။
ဒီတော့မှ ကောင်မလေး မိုးဆက် ဘက်ကိုလှည့်လာပြီး…..မိုးဆက်ရဲ့
မျက်လုံးတွေကို ရင်ခုန်ဆူးရှစွာ စိုက်ကြည့်နေတယ်။ ပြီးတော့ သူမရဲ့
လက်တွေကိုဆန့်ထုတ်ပြီး မိုးဆက်ရဲ့ လက်အစုံကို ထွေးထားလိုက်ပါတယ်……….။
နောက်နှစ်တွေ ကြာလာတဲ့အခါအဲဒီ ဖရန်(မ်)ဂျီဆိုတဲ့ ကောင်မလေးဟာ
ဂီတပညာရှင်ကြီး မိုးဆက်ရဲ့ ကွာရှင်းပျက်ဆဲထားသော ဇနီးဖြစ်လာပါတော့ သတည်း
။ ။
ကဲ ….အချစ်စစ်စစ် ဆိုတာကို ဘယ်လိုရှာကြပါ့မလဲ…………????
(In Love the paradox occurs that two being become one and yet remain two.
By …Erich Fromm)
“True Love” By Barry and Joyce Vissell,
From,” Condensed Chicken Soup For The Soul”
Translated By,
ပန်းပျိုးလက်
No comments:
Post a Comment
အားမှုကိုကျေးဇူးတင်ပါသည်။