လှုပ်ခက်နေသစ်ရွက်ကြွေ
လေပူပူ နွေယူလာတဲ့ည
လ မရှိ ကြယ်မသိ
အလင်းမရှိ အမှောင်မရှိ
မှုန်မှိုင်းမှိုင်း ပတ်ဝန်းကျင် ။ ။
ပုရစ်တွေအော်နေလေရဲ့
ကောင်းကင်မှာ တိမ်လိုလို
မီးလင်းဖို မှိုန်ညိုညိုမှာဝိုးတ၀ါး
ပုံရိပ်တွေလှုပ်ရှား
မြေသင်းနံ့ သစ်ဆွေးနံ့
ညမွှေးပန်းနံ့တွေစွတ်ပျံ့
အိပ်မက်တ၀က်တပျက်နဲ့
လမိုက်ညက
လှချင်ယောင်ဆောင်နေလေရဲ့ ။ ။
No comments:
Post a Comment
အားမှုကိုကျေးဇူးတင်ပါသည်။