နွေဦးရာသီရဲ့ ပူရှရှနေ့လည်တခု
နှင်းဆီပျိုးသူလေးနဲ့
စကားပြောဖြစ်ခဲ့တယ်….
သူ့ရင်ခွင်မှာ
ပန်းပွင့်ပေမဲ့ဆူးတွေကာရံ
နှင်းဆီတပွင့်ရဲ့
အသံတွေဝေနေခဲ့ပေါ့..။ ။
ဘ၀ထဲကသက်သေ
အဖြစ်အပျက်တွေက ….
၇ နှစ် ၊၇ တန်း နဲ့ ၇
ဆိုတဲ့သူ့ရဲ့ဂဏန်း
အခုလည်း….
ကျွန်တော့်ကို ၇
စင်ကြယ်လွမ်းချင်းတွေရွတ်ပြလို့..။ ။
သူစိုက်ခဲ့တဲ့ ပန်းတွေအကြောင်း
တစေ့တစောင်းပါတယ်…..
ကျွန်တော်ပြောလိုက်ချင်တယ်….
ကျွန်တော့် ရင်ထဲမှာလဲ သူစိုက်ထားတဲ့
နှင်းဆီပင်မှာ ပန်းတွေပွင့်ဝေနေခဲ့ပြီလို့…..။
။
အစဖော်မရတဲ့ “ချစ်ခြင်း”
မရှိပါဘူး…..ချစ်သူ
အဆုံးသတ်တွေ သေချာချင်ရင်တော့
အပြုံးတချက်နဲ့
ခေါင်းညိမ့်ဖို့လိုတာပေါ့…..။
နှင်းဆီချစ်တဲ့ ပန်းပျိုးသူလေးရေ
ကျွန်တော့် ပစ္စုပ္ပန်နဲ့ အနာဂတ်တွေဟာ
မင်းအတွက်
ထာဝရနှင်းဆီပွင့်လေးတွေဖြစ်ခွင့်ပြုပါ……….။
။
No comments:
Post a Comment
အားမှုကိုကျေးဇူးတင်ပါသည်။