ထိုညသည် ကျဆိမ့်ညတညဖြစ်သည်။ အသွားလေးဘက်ရှိခုံပု ကလေးများပေါ်တွင် ခွေးခြေလုပ်ကာ ပစ်စလက်ခက်ထိုင်ခဲ့ကြသည်။နေ၀င်သည်။လမင်းနှင့်ကြယ်တာရာများခုန်ပေါက်ပြေးလွှားရန် ခြေစမ်းကြသည်။ ကခုန်မှုတို့စတင်ကြ၊ ကြူးရင့်ဟစ်ကြွေးဖို့ သံစဉ်ညှိကြပြီ။ တိုနေရာသည်အတိတ်၊ပစ္စုပ္ပန် နှင့်အနာဂတ်ဖြစ်သည်။ ဆန်းကြယ်သော စစ်တုရင်ကွက်များရှိကြသည်။ ထို့အတူ နုလုံးသားကိုယ်စီဖွင့်ထားလိုက်ကြသည်။ထို့နောက်အတွေးများထဲအိမ်ပြန်သည်။ကျောင်းတက်သည်။
ပြီး……..ဘ၀ထဲတွင်စိတ်ကူးယဉ်နယ်ပယ်တွေ ဋီကာဖွဲ့ကြသည်။ အရှေ့လမ်းမကြီးပေါ်တွင်လည်း…သူတော်ကောင်းများ ၊
သူတော်မကောင်းများ၊ မသူတော်ကောင်းများ၊ မတော်သူ မကောင်းများ၊ခွေးများ၊ကလေးများ၊ ထို့ပြင် ပတ်ဝန်းကျင်ကြီးများ
ဖြတ်သန်းသွားလာ၊ ထို့ကြောင့် အတိတ်တွင် ကျန်ခဲ့သမျှသည် ခြေရာပင်မကျန်။ ထိုညက ရင်ခွင်များမှာ…………………….
မိခင်၏သားချော့တေး…အဝေးကမှုန်ဝါးနေတဲ့ တောတောင်အသွယ်သွယ် ….ကြည်နူးဖွယ်အိမ်မက်နဲ့ ရက်စက်မှုအပေါင်းဇောင်းပေးမှုများစွာရဲ့အစွန်ူးတဖက်……..မာရ်နတ်ရဲ့ တေးသွား…..တရားမျှတမှုဆိုတာတွေရောနေခဲ့လေရဲ့…………….။
တိဗတ်ကဘုန်းကြီးတပါးလည်းပါတယ်……..ယုန်တောင်ပြေးလို့ ခွေးမြောက်လိုက်တာလည်းပါတယ်…..အဖော်အချွတ်
ကြမ်းတဲ့လုံးကြီးပေါက်လှ ကခြေသည်တွေ….ကမ္ဘာ့မော်ဒယ်ပိန်ပါးပါးလေးများလည်းပါတယ်…..ဒါကြောင့် လူငယ်များဖြစ်ကြောင်း ပေတရာအကွာက အနံ့ရကြလိမ့်မည်။…..တောက်ပတဲ့အိမ်မက်များနဲ့ ကမ္ဘာကြီးရဲ့ကျေးဇူးတရားတွေ……….
လောကကိုရှုမြင်သုံးသပ်မှုတွေ………….ဒီစကားဝိုင်းကရင်အေးသူတွေထိုင်နေတော့ပူလောင်တဲ့အရာတွေကိုလွှင့်ထုတ်
ပစ်လိုက်ကြတယ်။ထိုအခိုက်အိပ်တန်းကငှက်တကောင်အိမ်မက်ကလှန့်နိုးတယ်။ရွှေဝါရောင်ကြောင်ကလေးတကောင်
ကြွက်ခြောင်းနေတယ်။အမှောင်ရိပ်ကမိန်မပျိုကမီးခြစ်ကိုသုံးချက်တိတိခြစ်လိုက်တယ်………….ဒီလိုနဲ့ပဲ…………..
အချိန်နာရီတရွေ့ရွေ့ ကုန်ဆုံးခဲ့ပါတယ်။ ပတ်ဝန်းကျင်တောင်းဆိုမှုများကိုနားလည်ပေးဖို့ရန်အချိန်နီးကပ်လာခဲ့ပါတယ်……
အဲဒီအချိန်မှာ…..ကမ္ဘာမလည်တာကိုသတိထားမိလိုက်တယ်………..နာရီကတော့ဓာတ်ခဲရှိလို့ဆက်လည်နေရရှာတယ်….
အဲလိုနဲ့….ဂစ်တာတီးကြ…စန္ဒရားတီးကြ………တယောထိုးကြ…ဒါကိုဘယ်သူမှာမသိလိုက်ပါဘူး…………..ဒီဂီတဟာ
ကိုယ်ပိုင်ဂီတပဲလို့သတ်မှတ်လိုက်ကြတာပေါ့…….ယဉ်ကျေးမှုတွေကိုကျဆိမ့်လုပ်ပစ်လိုက်ကြပေါ့……လောကကြီးခံစားခွင့်
မရလိုက်တဲ့ဒီဂီတအတွက်စိတ်မကောင်းဖြစ်လိုက်ပါတယ်……ဒါကြောင့် အောက်ဆီဂျင်ရှုရုံနဲ့မပြီးတဲ့အသက်ရှင်မှုကို…
လောင်စာဖြည့်ကြစို့လား…….ဘာပဲဖြစ်ဖြစ်လေ……….မှတ်တိုင်မဖြစ်ခင်တော့ဓါတ်ကြီးလေးပါကိုမှီဝဲကြရင်…………အကောင်းဆုံးပါပဲ………..အစာမကြေတာတွေအမ်ထုတ်လိုက်ဖို့ပါးစပ်ထဲကအမုန်းတရားတွေကို အဝေးဆုံးရောက်အောင်ကန်ထုတ်လိုက်ကြစို့။…………တိမ်တိုက်တွေလို…..လေနှင်ရာမလွှင့်တော့ပဲ…..အေးချမ်းစွာတို့ရွာသွန်းကြစို့……………
တစုံတရာသောသမုဒ္ဒရာကိုနောင်လာနောက်သားတို့အတွက်စိုက်ပျိုးကြစို့………..မတူညီမှုတွေရဲ့တူညီမှုကိုပြကြစို့……….
ရှိမှုနဲ့သိမှုတွေပေါင်းစပ်ကြစို့……လောကဒဏ်ကိုဟာသတွေအဖြစ်ထုဆစ်…..ယစ်မူးမှုတွေကိုတက်ကြွမှုတွေနဲ့ အစားထိုးကြစို့………….အမေများ၊အဖေများနဲ့ ကျေးဇူးပြုသူများကိုဂုဏ်ပြုကြစို့……………ဒီသီချင်းဟာ..လ္ဘရည်ဆိုင်ညမျာူးရဲ့
အလင်္ကာ၊ကြယ်မစုံတဲ့လဆုတ်(၄)ရက်ရဲ့ဂီတ၊အမောက်ထောင်တဲ့နေ့ရဲ့ည၊မင်္ဂလာဦးခွေးများပျော်တဲ့လပါပဲ…………….
အချိန်တန်လို့ပြန်ခဲ့ကြ………ရင်ခုန်သံတွေ၊အတွေးတွေ၊အနုပညာတွေ……..စီဝေပြည့်လျှံနေတဲ့ရင်ခွင်တွေထမ်းပိုရင်း…….
တချိန်မှာကွဲကွာကြရင်ဒီနေရာကဒီညကိုသတိရကြပါ……..မရဏနဲ့နှုတ်ဆက်ခဲ့ကြရင်လည်းမျက်ရည်မကျကြေး ဂုဏ်ပြု ကြစို့လား……………ဒီလိုနဲ့ အဲဒီနေ့ညက ကျွန်တော်တို့ သမ္မာကျမ်းစာကိုသံပြိုင်ဖတ်ခဲ့ကြတယ်လို့ အိပ်မက်မက်တယ်…။
William

No comments:
Post a Comment
အားမှုကိုကျေးဇူးတင်ပါသည်။