အတိတ်ထဲကအရိပ်တွေက
လွမ်းစိတ်ကို ဖြစ်စေ
အနမ်းတွေဝေးနေပေမယ့်
အလွမ်းနဲ့ စိတ်ဖြေ
လမ်းဆိုတာဖြောင့်မနေသလို
မြစ်တွေက နောက်ပြန်မစီး
ဖြစ်ပျက်ခဲ့တာတွေက သံယောဇဉ်
ဘယ်ဓါးနဲ့ ဖြတ်ပါစေမပြတ်
ကြားလေတွေ ဖြတ်ရင်တော့
အမုန်းဆိုတာတွေ သက်တန်းရှည်နိုင်တယ်
လှိုင်းတို့ရဲ့ နံရံတွေ ဒီရေအတက်
အချ စ်ဆိုတဲ့ အရာက
နေ့ရက်တွေတိုက်စားလို့မရတဲ့ ပုံဆောင်ခဲ
သံယောဇဉ်စမ်းချောင်းကို
သံသယရေတမံ မဆောက်လိုက်ပါနဲ့
ရှင်သန်နေတဲ့ စပါးဆိုတာ ငါ့ဘ၀ဖြစ်နေလို့ပါ.....ချစ်သူ
No comments:
Post a Comment
အားမှုကိုကျေးဇူးတင်ပါသည်။