ဂစ်တာသံတွေရဲ့အထဲ
အိပ်သွင် ဖားမှောက်လကွယ်ညတခု
မြင်နေရတာက မေ့နေခဲ့သောရက်စွဲများ
အတ္တပုံဆောင်ခဲ သံသရာမှာ
အိမ်မက်ရောင်စုံပြဇာတ်ကနေလေရဲ့…..။
ခြေရာမကျန်တဲ့ အစမဲ့အဆုံးသတ်
ဘ၀အတွက် ထမင်းတနပ်စားခွင့်ပြုပါ….၊
အ၀င်နက်တဲ့ အသိခက်ခက်တွေကြောင့်
ပိုင်ဆိုင်ခြင်းပြ ကြိယာပုဒ်တခုတော့လိုပြီ….။
မိုးကြိုပစ်ချတော့မဲ့ အတိတ်တိမ်တိုက်တွေအတွက်
သံယော်ဇဉ်နေရာလေးတခုပေးပါ  ၊
ခုတော့……..
နေညိုချိန် ရင်ခွင်ဟောင်းမှာ
အလွမ်းခြေရာအနမ်း ဘလဗွကြောင့်
အထီးကျန်ရာဇ၀င်ရိုင်းနဲ့
“အချစ်” ဆိုတာ “သမိုင်း”   ဖြစ်ခဲ့ရပြီပေါ့…..”ချစ်သူ” ။           ။
ပန်းပျိုးလက်
No comments:
Post a Comment
အားမှုကိုကျေးဇူးတင်ပါသည်။