Tuesday, March 18, 2014

အပြုံးအိပ်မက်

အိပ်လို့မပျော်ဘူး
အိပ်မက်ခေါ်သံတွေ ပြန်ထူးနေရချိန်ပေါ့
လင်းတလှည့် ၊ မှိန်တမျိုး
ကြယ်ရောင်ပျိုးချိန်  ညသန်းခေါင်…
အတိတ်ဟောင်းတွေ ခ၀ါချ
အနာဂတ်တွေလှဖို့ စိတ်ကူးတွေဝေဆာခဲ့ပြီ…” ချစ်သူ”  ။          ။
တနင့် တပိုးသယ်လာခဲ့တဲ့ ၀န်ထုတ်ဝန်ပိုးတွေလို
အတ္တကောက်ရိုးတွေကြား
မီးပွားကျလောက်ကျွမ်း
အလွမ်းဆိုတဲ့လမ်းက ပူလောင်တယ်…..”ချစ်သူ”…။           ။
အနမ်းတွေကို လွမ်းတဲ့စိတ်ကဟာတာတာ
ကျောပြင်နဲ့ ကပ်နေတဲ့ အိပ်ပ်ယာခင်းတွေပူလာတယ်…
မာယာပဲဖြစ်နေပါစေ
အခါခါ အမြဲ တမ်းတမိတာက မင်းအပြုံးလေးတွေပါ……..”ချစ်သူ” …..။            ။


ပန်းပျိုးလက်

No comments:

Post a Comment

အားမှုကိုကျေးဇူးတင်ပါသည်။