Tuesday, March 18, 2014

ဖားကလေးပေးတဲ့ သင်ခန်းစာ

ဖားကလေးတစ်ကောင်နဲ့ ကျွတ်ကျွတ်ဆူတဲ့ရေနွေးအိုး ဥပမာပုံပြင်လေးတစ်ပုဒ်ရှိတယ်။ ဒီဥပမာလေးက တစ်စုံတစ်ခုသောအတွေးစလေးကို ပေးနေပါတယ်။အဲဒါကတော့………………….
လက်လက်ဆက်ဆက် ဖားလေးတစ်ကောင်ကိုပွတ်ပွတ်ဆူနေတဲ့ ရေနွေးအိုထဲကို ပစ်ထည့်လိုက်သည် ဆိုပါတော့။ ဖားကလေးဘာလုပ်မယ်
ထင်သလဲ………?။ ချက်ချင်းခုန်ထွက်သွားမှာပါ။ “ဒါပျော်စရာမဟုတ်ဘူး ။ ငါလစ်မှ” လို့ဖားလေးကတမ်းသိပါလိမ့်မယ်။
တကယ်လို့ အဲဒီဖားလေးကိုပဲ ရေအေးထည့်ထားတဲ့ အိုးတစ်လုံးထဲကို ထည့်လိုက်တယ်ဆိုပါစို့။ပြီးတော့မှ အောက်ကတဖြည်းဖြည်း
မီးအပူပေးလိုက်ရင် ဖားကလေးဟာ ရေအေးနေစဉ်မှာတော့ခုန်မထွက်ပါဘူး။ မိနစ်အနည်းငယ်ကြာလာတော့ ဖားကလေးက သိလာလိမ့်မယ် “ရေနည်းနည်း
နွေးလာသလိုပဲ” ပေါ့။ သိပ်မစောင့်ရပါဘူး များမကြာမှီမှာ သင်ဖားကလေးကိုပြုတ်ပြီးသားရပါလိမ့်မယ်။
အဲဒီဥပမာအရတွေးကြည့်ကြမယ်ဆိုရင်………………………………
ဘဝဆိုတာ တဖြည်းဖြည်းခြင်း စဉ့်ကဲပြီးဖြစ်တည်လာကြတာပါ။ ဘဝထဲကပဋိပက္ခတွေလဲ ဒီအတိုင်းပါပဲလို့ ဆက်စပ်နိုင်မှာပါ။ အဲဒီဖားကလေးလို
အေးလို့စိမ်နေမိခါမှ တဖြည်းဖြည်းမီးတိုက်ခံရလို့သေသလိုပဲ လူတွေတာလဲအမှားကြီးမှားမှ အရူးဖြစ်တက်ကြတယ်။ကိုယ့်အခြေအနေကို ရိပ်စားမိဖို့လိုအပ်
တယ်လို့ပဲပြောရမှာပါ။  မေးခွန်းလေးမေးပါရစေ။  …………..
သင်မနက်ဖြန် မနက်အိပ်ရာကနိုးတဲ့အချိန် ကိုယ်အလေးချိန် အချိန်၂၀လောက် ပိုဝလာပြီဆိုပါဆို့…”သင်ဘာလုပ်မလဲ…?”။
သေချာပါတယ် ဆေးရုံကိုဖုန်းဆက်မှာပေါ့ “လုပ်ပါဦး။ ကျွန်တော် အရမ်းကြီး ၀လာလို့” ပေါ့။ ဖားကလေးခုန်ထွက်သလိုလေ။ တကယ်လို့တဖြည်းဖြည်းလေးပဲ ၁လကိုနှစ်ပိသာနှုန်းနဲ့ ၅လကြာလို့၁၀ပိသာ ပိုဝလာခဲ့ရင် သင်သတိတောင်ထားမိမယ်မထင်ပါဘူး။ ဒီလိုပဲ တနေ့မှာသင့်ဝင်ငွေထဲက ၁၀၀၀ လောက်ကျော်သုံးမိတယ်ထားပါတော့။ နောက်တစ်ရက် နှစ်ရက်နေတော့ တစ်ခါသုံးမိပြန်ရော အဲဒီလိုနဲ့ နှစ်ရက်တစ်ထောင် နှုန်း ကျွံသုံးမိရင်းက လခထုတ်ရက်မတိုင်မှီ သင်ထမင်းငက်တော့မှာ သေချာသွားတာပေါဗျာ။ အခုလို အသုံးကျွံတာတွေ၊ အဝလွန်တာတွေ အပြင် လင်မယားတွေ ၊ ချစ်သူတွေပျက်ကြ ကွဲကြတာတွေရောပေါ့။ဒါတွေဟာ ရုတ်ချည်းဖြစ်ပေါ်လာတဲ့ ကံဆိုးမိုးမှောင် ကြမှုတွေ
မဟုတ်ပါဘူး။ အဆင်မပြေမှုလေးတွေဟာ ဒီနေ့နည်းနည်းဖြစ်လိုက် ၊နောက်နေ့ထပ်ဖြစ်လိုက်နဲ့ တဖြည်းဖြည်းစုစုပြီးများလာတဲ့အခါမှာတော့။
အပူချိန်မြင့်မြင့်တက်လာတဲ့ ရေနွေးအိုးထဲကဖားကလေးလိုမှိန်းရင်း မှိန်းရင် အပြုတ်ခံရပြီးသေရသလို။ အဆုံးသတ်တွေမလှပဲဖြစ်လာရပါတယ်။
အဲဒီအခါကြမှ “ဒါဘယ်လိုဖြစ်ရတာလဲ ?”လို့လူတွေသတိဝင်တက်ကြရင် နောင်တတွေ ၊သောကတွေ ပင်လယ်ဝေပြီပေါ့ဗျာ။
ဘဝကိုအဖြစ်အပျက်ကလေးများစုဝေတည်ရှိသောသမိုင်းစာအုပ်လို့ပြောရပါလိမ့်မည်။ရှေ့ကဖြစ်သောအကြောင်းတွေကြောင့် အကျိုးဆက်ပါလာတာပါပဲ။ ကျောက်တုံးတစ်တုံးပေါ်ကျတဲ့ ရေစက်လေးတွေဟာ ကျောက်တုံးဘယ်လောက်ကြီးကြီး ပုံပျက်သွားအောင်တိုက်စား
ပစ်ကြသလိုပေါ့။ ပြောင်းလဲမှုကို မျက်ခြေမပျက်စောင့်ကြည့်နေသင့်တယ်လို့ဖားကလေးရဲ့ သင်ခန်းစာကဆိုလိုချင်တာပါ။ “ငါဘာကိုဦးတည်နေသလဲ ?”
“မနှစ်ကလောက် ကျန်းမာရဲ့လား၊ ပျော်ရွှင်ရဲ့လား၊ တိုးတက်မှုတွေရှိလာသလားလို့။” ကိုယ့်ကိုယ်ကိုပြန်စစ်ဆေးကြည့်ကြရမှာပါ။ တခုမှဖြစ်မလာရင်
တော့ကိုယ် အခုလုပ်နေတာတွေကို ပြုပြင်ပြောင်းလဲသင့်ပြီဖြစ်သည်။
တစ်ခုတော့သတိထားရမှာက ဘယ်အရာမှမမြဲဘူးဆိုတာ သိထားပြီး အဆွဲအလမ်းမကြီးဖို့ပါပဲ။ဒါကြောင့်မို့ ဘဝမှာ
အနာခံရပါများလေလေ ၊ ကိုနာမှာကိုသိလို့ ကြိုးစားရုန်းထွက်ရင်းက နောက်ဆုံးအောင်မြင်မှုတွေရလာကြတာပဲ ဖြစ်ပါတော့သတည်း။     ။
(The Frog Principle) from “Follow Your Heart” by Andrew Matthew. Translated and Illustrated by ပန်းပျိုးလက်.

No comments:

Post a Comment

အားမှုကိုကျေးဇူးတင်ပါသည်။