Tuesday, March 18, 2014

သူ့ကို ငါတကယ်လက်ထက်မှာလား !!!

သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပေမဲ့ လူချင်းတော့မတွေ့
ဖူးကြပါဘူး……………..။
ြ့ မြို့ပြတစ်ခုမှာ အမ်မလီ အလုပ်သစ်တစ်ခုရခဲ့တာ ရက်အနည်းငယ်ကြာခဲ့ပါပြီ။……….
ကျွန်မ အဲဒီမြို့လေးကို ရောက်လာရတဲ့အကြောင်းက အလုပ်အသစ်တစ်ခုအတွက်ပါ။
ကျွန်မရဲ့ အလုပ်နဲ့ အစောင်သူဘ၀လေးကို နှစ်သက်မိပါတယ်။ ယုံချင်မှတော့ယုံကြလိမ့်မယ်။
သေချာတာကတော့ ကျွန်မမိမိရပ်ရွာနဲ့ခွဲပြီး အစောင်မှာတစ်ခါမှမနေခဲ့ရဖူးဘူး။
မိမိကိုယ်ကို
အာကိုးပြီး လိုအပ်ချက်မှန်သမျှကို ကိုယ်တိုင်ဖြည့်စွမ်းရတဲ့
အဆောင်နေဘ၀လေးရဲ့ အတွေအကြုံ သစ်ကိုလဲရခဲ့ရပါတယ်။ တစ်ခုခက်တာက
ဒီမြို့ပြသစ်ရဲ့ စတိုးဆိုင်တွေ ၊
စာသောက်ဆိုင်တွေ ကိုကြည့်နေရုံပဲရှိပြီး သွားဖို့ရာအချိန်မရှိသလို
၊သူငယ်ချင်းလဲ မရှိဘူး
ဖြစ်နေတယ် ။ သေချာပါတယ် အဲဒါ ကျွန်မကိုယ်တိုင်က အပျင်းထူခဲ့လို့ထင်ပါတယ်။
ကျွန်မကနည်းနည်းအရပ်ပုတယ် ၊ အသားအရေခပ်လက်လက်နဲ့ ခန္ဓာကိုယ်အချိုး
အစားကြသူတစ်ယောက်ပါ ။ ကျွန်မခင်တက်ပါတယ်။ပြီးတော့စကားအရမ်းများတယ် ။
ဒါပေမဲ့ ကျွန်မအဆောင်မှာ သူငယ်ချင်းအသစ်တွေရအချိန်မရှိဘူး။ အလုပ်အရမ်းများနေတက်
တယ်။ ကျွန်မရဲ့ တစ်နေ့တာလေးကရိုးရှင်းပါတယ်….မနက်မိုးလင်းအိပ်ယာကထ ၊ အဆင့်
သင့်ပြင်ပြီး ရုံးကို သွား၊ ရုံးကပြန်လာရင် ရေချိုးပြီးအိပ်တော့တာပဲ။
အထူးတလည် ဘာမှသိပ်မရှိပါဘူး။ ရုံးပိတ်ရက်တွေမှာ အိမ်ကိုပြန်တယ်။ ဈေးဝယ်တွေဘာတွေတော့ထွက်ဖြစ်တယ်…
ဒါပေမဲ့ ဘာမှထွေထွေထူးထူးတော့ မရှိတော့ ကျွန်မဘ၀ကတဖြည်းဖြည်းငြီးငွေ့စရာဖြစ်လာပါ
တယ်။  တစ်နေ့တော့ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုအတွက် အကြံကောင်းပေးမဲ့သူရှာနေတဲ့
စောင်သူသစ်ကလေး တစ်ယောက်နဲ့တွေ့ခဲ့တယ်။ ကျွန်မအကူအညီပေးပြီးဖြေရှင်းပေးခဲ့တဲ့
နောက်တော့ ကျွန်မတို့နှစ်ယောက် မေးထူးခေါ်ပြောအဆင့်မိတ်ဆွေတွေဖြစ်ခဲ့ကြတယ်။
သူ့နာမယ်က အန်နီတာ ပါ။ သူမကအလွန်ချစ်စရာကောင်းင်္ပြီး ပျော်တက်သူလေးပါ။
တစ်ဖြည်းဖြည်းကျွန်မတို့  ရင်းနှီးကျွမ်းဝင်ခဲ့ကြတယ်။
ကျွန်မအစောင်မှာရှိရင် သူကအရမ်းဂရု
စိုက်တယ်။ ကျွန်မ ရုံပြန်နောက်ကျရင်လည်း သူကစိတ်ပူပြီး ဖုန်းခေါ်တယ်။ အဆင်ပြေလား
ဘာဖြစ်နေတာလဲပေါ့ ၊ အဲလိုမေးတက်သေးတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ ကျွန်မတို့နှစ်ယာက်ဟာ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။
အန်နီတာ့မှာ မိတ်ဆွေကောင်းတစ်ယောက်ရှိတယ်။ သူ့နာမည်က ရှမာ တဲ့။ ကျွန်မ
သူနဲ့ဖုန်းပြောဖူးတယ်။ သူကမြို့ကြီးတစ်ခုမှာ အလုပ်လုပ်တယ် ။ပြီးတော့ အန်နီတာနဲ့က
ငယ်သူငယ်ချင်းတွေပါ။ ကျွန်မသူ့အကြောင်းအဲလောက်ပဲသိပါတယ်။ စကားပြောတာပြေပြေပျစ်ပျစ်ရှိပြီး ကျွန်မနဲ့စကားပြောတာ လိုလားပုံလဲရပါတယ်။ နောက်ပိုင်းတွေမှာ
တော့ မပြောဖြစ်တော့ပါဘူး။ အန်နီတာနဲ့ သူတို့ဖုန်းပြောတာကိုပဲ ဘေးကနေဝေဖန် ရေးလုပ်နေလိုက်တယ်။ ကျွန်မဘ၀ကတော့အရင်အတိုင်းလေးပါပဲ။
ကျွန်မညီမလေးဆူဇန်ဆိုတာ ရှိပါတယ်။ သူက ဂျိမ်းစ် ဆိုသူနဲ့လက်ထက်ခဲ့ပြီး။
သမီးလှလေးတစ်ယောက်ကိုမွေးတယ်။ ကျွန်မ အဲဒီအကြောင်းကို ရှမာ နဲ့ အန်နီတာ
တို့ကို ပြောပြဖြစ်တယ်။ ပြီးတော့ အဲဒီသမီးလေးကင်ပွန်းတပ်အတွက် ကျွန်မအိမ်ကိုပြန်ရဦးမဲ့အကြောင်းလဲ ပြောဖြစ်ခဲ့တယ်။
ရုံးပိတ်ရက်ရောက်တော့ ကျွန်မအိမ်ကိုပြန်ဖို့ ကားပေါ်အတက်ဖုန်းမြည်လို့ ကြည့်
လိုက်တော့ “အိမ်အပြန်လမ်း ပျော်ရွှင်ပါစေ။” ဆိုတဲ့ message နဲ့ဖုန်းနံပါတ်အသစ်တစ်ခု
ဖြစ်နေတယ်။ ကျွန်မသိလိုက်တယ် ဒါ ရှမာ ပဲလို့ အဲဒီအချိန်မှာပဲ အန်နီတာ့ဆီကဖုန်းဝင်
လာတယ်။ သူကမေးတယ်…
“ဟိုင်း….အမ်မလီ ၊ ကားပေါ်ရောက်နေပြီလား”
ကျွန်မပြန်ပြောလိုက်တယ် “အင်း” ပြီးတော့ အသံမာမာနဲ့ ဆက်ပြောလိုက်တယ်
“ နင်ငါ့ဖုန်းနံပါတ်ကို ရှမာ ကိုပေးလိုက်တာလား”
အဲဒီအခါတော့ သူမကလေပြေလေးနဲ့
“ဟုတ်..ကျွန်မပေးလိုက်မိပါတယ်။အမ်မလီ ဆီကခွင့်ပြုချက်မရပဲ ပေးလိုက်တဲ့
အတွက် တောင်းပန်ပါတယ်နော်”
အဲဒီတော့ ကျွန်မလဲ “ အင်း ရပါတယ်။” လို့ပဲပြန်ပြောလိုက်တယ်။
သူက “နင်ငါ့ကိုစိတ် ဆိုးသွားလားဟင်” လို့ပြန်မေးတယ်။
“ဟင့်အင် ရပါတယ်စိတ်မဆိုးပါဘူး”  ပြီးတော့
“ငါနောက်မှပြန်ခေါ်လိုက်မယ်” လို့ပြောပြီဖုန်းချလိုက်တယ်။
တကယ်တော့ ကျွန်မနည်းနည်းဒေါသဖြစ်မိပါတယ်. ဒါပေမဲ့ ကျွန်မ
အိမ်ကိုရောက်တော့ အားလုံး မေ့မေ့ပျောက်ပျောက်ဖြစ်သွားသလို
ကျွန်မခွင့်လွှတ်လိုက်ပါတယ်။ ချစ်စရာကောင်းတဲ့
တူမလေးနဲ့နေရတဲကနေ့တွေကတကယ့်ကိုပျော်စရာပါပဲ။ ကျွန်မတို့
သူကို အင်ဂျယ်လိုင် လို့နာမည်ပေးခဲ့ကြပါတယ်။ အဲဒီကင်ပွန်းတပ်ပွဲလေးက ကောင်းမွန်စွာ ပြီးဆုံးခဲ့ပြီးနောက် အလုပ်တွေပါးသွားတဲ့အချိန်လောက်မှာပဲ ရှမာ
ရဲ့နံပါတ်နဲ့ဖုန်းဝင်လာပါ
တယ်..ကျွန်မပျော်သလိုဖြစ်သွားတယ်…ပြီးတော့ ဘာမှမခံစားရသလိုပဲခံစားရတယ်..ရှမာနဲ့
ကျွန်မပြောနေတဲ့စကားတွေကလဲ သာမန်ပဲလေ။ နောက်ပိုင်းတွေမှာတော့ ရှမာဟာ မကြာမကြာဖုန်းခေါ်ပါတယ်..ဖုန်းခေါ်တိုင်းလဲ သူက
ဘာမှသိပ်မပြောပါဘူး။ ဖုန်းချဖို့ နှုတ်ဆက်စကားပြောမှပဲသူကပြန်ပြောလေကရှိတယ်..
ကျွန်မက စကားပြောသန်သူဆိုတော့ သူသိပ်မပြောတာနေမှာပေါ့။ ကျွန်မအထင်ပြောရင်
သူကျွန်မနဲ့ စကားပြောရတာကို ကျေနှပ်နေပုံရပါတယ်။………..
ဒီလိုနဲ့ ……….အတိုင်းကအတာတစ်ခုကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ ကျွန်းမတို့ရဲ့
ရင်းနှီးမှု အတိုင်းအတာဟာလဲ အတိုင်းအတာတစ်ခုအထိရောက်ခဲ့ပြီ။ ကျွန်မတို့ အချိန်
မှန်မှန်ဖုန်းပြောဖြစ်တယ်။ မနက်ဆို 15 မိနစ် မိနစ်20လောက် ၊နေ့လည်ဆို လဲဒီလိုပဲ၊
ညဆိုရင် 1နာရီ 2နာရီ ကြာအောင်ပြောဖြစ်ကြတယ်။အဲဒီလို ကာလအတန်ကြာအောင်
ဖုန်းပြောပြီနောက်မှာတော့ သူရဲ့ ငယ်ဘ၀ ၊ကလေးဘ၀ ၊မိသားစု ၊အတိတ်ကချစ်သူ၊
သူ့ရဲ့နေ့စဉ် လည်ပတ်နေပုံနဲ့ ၊သူ့ရုံးအလုပ်ကအစပေါ့ အားလုံးလိုလိုပဲ သိလာရတယ်။
ဒါပေမဲ့ သူ့ကိုတော့ မတွေဖူးသေးဘူး ။ သေချာတာကတော့ သူရောကျွန်မရောက ရုပ်ရည်
အပေါ်မှာ သိပ်စိတ်မ၀င်စားကြတာလဲပါမှာပေါ့။ အဲဒါဒီနေ့ကပြောနေကြအတိုင်း ဖုန်းပြောနေ
တုန်း သူက ကျွန်မကိုပျော်စရာစကားလေးတစ်ပြောတယ်….သူက
“ဟေ့ …အသဲလေး၊ ကိုတလလောက်ခရီးထွက်စရာရှိတယ် ။အဓိက ကတော့ မင်းကိုတွေ့ချင်လို့ပဲ ကလေး” တဲ့  ။
ကျွန်မပျော်လိုက်တာ။ သူကကျွန်မကို ကလေးလို့ခေါ်လေ့ရှိတယ်။ ကျွန်မလဲ ပြန်ခနဲ့တဲ့
သဘောနဲ့ ကလေး တစ်ယောက်လို ရယ်(ရီ) ပြီးပြန်ပြောလိုက်တယ် ….
“ဟ ဟား…..အတော်ကောင်းတဲ့ ဟာသပဲ။ နင့် ငါ့ကိုတွေ့ဖို့သက်သက်နဲ့
ငါဆီကို လာမှာမဟုတ်ပါဘူး ။ လာချွဲမနေနဲ့ ..ကိုလူချွဲရေ” လို့ပြောတော့…သူကရယ်တယ်
သူကို့ ကိုလူချွဲလို့ခေါ်လိုက်တာကိုး ။ ပြီးတော့ပြောသေးတယ်…..
“ဟုတ်တယ် ..ကို ခွင့်ရက်ရှည်ယူပြီးတော့ အိမ်ကိုပြန်မှာလေ။ အဲဒါ အိမ်မပြန်ခင်
မင်းနဲ့တွေ့ဖို့ မင့်ဆီကိုလာခဲ့မလို့” ကျွန်မပြန်ပြောလိုက်တယ်…………
“ငါလောင်းရဲတယ် နင်မလာပါဘူးဟာ”
ဒီတော့သူက “ဟုတ်ပြီလေ အဲဒါဆိုလောင်းကြေးကဘာလဲ” တဲ့……ကျွန်မကလဲ
ရဲရဲကြီလောင်းကြေးထပ်လိုက်တယ်……..
“ငါ့ဘက်က ဘာမဆိုလောင်းရဲတယ်။ နင်မလာမှာသေချာနေတာပဲ ၊ကဲပြောနင်
ဘယ်လိုလောင်းချင်လဲ”
အဲဒီတော့ သူကလေးလေးနက်နက်ရှိတဲ့ လေသံနဲ့ပြောတယ်……..
“ငါ့ နှုတ်ခမ်းပေါ်မှာ နင့်ဆီကချိုမြိန်တဲ့အနမ်းတစ်ခုလိုချင်တယ်” ။။။။
သူကျမဆီကိုမလာဘူးဆိုတာ အလွန်သေချာနေပါတယ်။ ဘာလို့လဲဆိုတော့ ဒီလောက်လ
အနည်းငယ်ပဲ စကားပြောဖြစ်သေးတဲ့ ခင်မင်မှုလေးတစ်ခုအတွက်နဲ့ တော့ ဝေးလွန်းတဲ့မြို့ကြီး
ကနေ ကျွန်မရှိတဲ့ မြို့ပြငယ်လေးဆီကို သူဘယ်နည်းနဲ့မှလာမှာမဟုတ်ပါဘူး။ ဒါကြောင့်လဲ
ကျွန်မပြန်ပြောလိုက်ပါတယ်……….
“အင်း ဟုတ်ပြီလေ” ပြီးတော့ထပ်ပြောလိုက်တယ်……………..
“နင်မလာရင်လဲ ငါ့နှလုံးသားဒေါင့်တနေရာမှာ နင်အမြဲရှိနေမှာပါဟာ”………….
အဲဒီတော့………သူ့ဘက်က သဘောကျတဲ့ရိသံသဲ့သဲ့ နဲ့အတူ
“အဲလိုသိရလို့ ငါအရမ်းပျော်တာပဲဟာ……နွေးထွေးတဲ့ အနမ်းတစ်ခု ငါ့နှုတ်ခမ်း
ပေါ်ကိုရောက်လာမဲ့တစ်နေ့ကိုမျှော်နေမိပြီဟာ”………….။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“Will I marry him?”
By Sowmiya Yogarai (29.3.2010)
Translated   By
William {ပန်းပျိုးလက်} (7.4.2010)

No comments:

Post a Comment

အားမှုကိုကျေးဇူးတင်ပါသည်။