ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာအနီးက တောစပ်ကလေးမှာ
အလွန်ချိုတဲ့သရက်သီးတွေသီးတဲ့ သရက်ပင်ကြီးတစ်ပင်ရှိသည်။
နှစ်တိုင်းသရက်သီးသီးချိန်ရာက်ရင် ရွာထဲကကလေးတွေဟာ အဲဒီသရက်ပင်ကြီးဆီက
သရက်သီးတွေကို ခူးယူစားသောက်တက်ကြသည်။
တနေ့မှာတော့…………………… ကလေးတွေဟာ အခါတိုင်းလိုပဲ သရက်ပင်ကြီးဆီက အသီးတွေခူးစားဖို့သွားကြတာပေါ့။
ဒါပေမဲ့…. သရက်ပင်ရဲ့ပက်လည်မှာ ခြံစည်းရိုးကြီးကာထားတာကိုတွေ့ကြရတယ်။ဒါတင်မကပါဘူး ခြံစည်းရိုးရဲ့ ဟိုဘက်သည်ဘက်မှာ တောခွေးကြီးနှစ်ကောင်ထိုင်နေသေးသတဲ့။ ။
ခဏနေတော့…….. တောထဲကလူတစ်ယောက်ထွက်လာပြီး…”သွား……သွားကလေးတွေသွားကြ။ ဒီသရက်ပင်က အခုငါ့သရက်ပင် ဖြစ်သွားပြီ”။လို့ အော်ဟစ်ပြောဆိုသတဲ့။
အဲဒီမှာ ကလေးတွေကလည်း…………..”ဒါလုံးဝမဖြစ်နိုင်တာပဲဗျ…။…ခင်ဗျားက ဘာကိစ္စတောထဲကအပင်ကိုပိုင်ရမှာလဲ၊
ဒီအပင်က ဒီနေရာကလူတိုင်းနဲ့ဆိုင်တယ်။…ဘယ်သူမဆိုအသီးတွေခူးစားနိုင်တယ်။ ခင်ဗျားလည်း ခူးနိုင်သလောက်ခူး။
ကျုပ်တို့လဲ ခူးချင်ခူးမှာပေါ့ ဗျ ။” လို့ ပြန်အော်ကြတာပေါ့။
ကလေးတွေ ဘယ်လိုပဲပြောပြော အဲဒီလူကြီးက လက်မခံပါဘူး။ ကလေးတွေကို ခွေးတွေနဲ့ရှုးတိုက်တော့…………..။
ကလေးတွေရွာထဲပြန်ပြေး ကြရတယ်။
နောက်တစ်နေ့မှာတော့…..အဲဒီကလေးတွေထဲက ကောင်မလေးတစ်ယောက်ဟာ အဲဒီအပင်ကြီးနားကိုပြန်သွားတယ်။
ပြီးတော့…..ခွေးတွေကို အသားတုံးနှစ်တုံး ပစ်ကျွေးပြီး ၊ လူကြီးရဲ့ ခြံစည်းရိုးကို ကျော်တက်၊ သရက်သီးပင်ပေါ်တက် ၊
ပြီးတော့ ကရက်သီးတွေ စွတ်စားနေလိုက်တယ်။
အဲဒီမှာပဲ……တောထဲကလူကြီးထွက်လာပြီး……”ရပ်…ရပ်…ဒါငါ့သရက်ပင် ၊ငါ့သရက်သီးတွေ ဘာလို့ခူးစားနေတာလဲ၊
ဆင်းစမ်း။” လို့လှမ်းအော်တယ်။
ကောင်မလေးလည်း သရက်သီးကို ကိုက်စားနေရင်း အဲဒီလူကြီးအသံကြားတော့ လန့်ပြီးသရက်ပင်ပေါ်ကပြုတ်ကျပါလေရော။
အဲဒီအချိန်မှာပဲ ရွာထဲက အဖိုးအိုတစ်ယောက်ထွက်လာလို့ လှမ်းမြင်လိုက်တော့……ကောင်မလေးအနားရောက်လာတယ်။
ပြီးတော့…”မင်းဘာလုပ်လိုက်တာလဲ…” လို့လှမ်းမေးလိုက်တယ် ဆိုရင်ပဲ တောထဲကထွက်လာတဲ့လူက ပြာ ရာခက် ပြီး
သခိုးလူမိသလို လက်ကာကာ ခြေကာကာ နဲ့ “ ဘာ ….ဘာမှမလုပ်ပါဘူးဗျာ….ဒီ..ဒီ ကလေးမက ကျွန်တော့်သရက်သီးတွေ
ခိုးစားရင်း သရက်ပင်ပေါ်ကပြုတ်ကျတာပါ ။”လို့ အကြောက်အကန်ငြင်းပါတော့တယ်။
အဘိုးအိုက ကလေးမလေးကို တယုတယပွေ့ချီပြီး ပရိယာယ်နဲ့ “ဟာ….ဒီကလေးမလေး တခုခု ဖြစ်တာပဲ….။အင်း
ငါ့အထင်ပြောရရင်….ဆယ်နှစ်မှာတစ်ကြိမ် သရက်ပင်တွေဟာ အဆိပ်သင့်တက်ကြတယ်ကွ။ ဒီသရက်ပင်လည်း
ဆယ်နှစ်ပြည့်လို့ အဆိပ်တက်နေတာဖြစ်မယ်။ မင်းလဲသတိထားပေါ့ ဒီနှစ်ဒီအပင်က သရက်သီးစားရင်တော့ မင်းလဲ
အဆိပ်တက်မှာပဲ။ “လို့ပြောပြီး ကောင်မလေးကို ချီပြီးရွာထဲပြန်ဝင်သွားတော့သည်။
နောက်တနေ့ရောက်တော့………..အဖိုးအိုကြီးက ရွာထဲက ကလေးတွေကိုခေါ်ပြီး တောစပ်က သရက်ပင်ကြီးဆီရောက်လာ
ပါတော့တယ်။ ဟိုတောထဲကထွက်လာတဲ့ လူကတော့ သူ့ခြံစည်းရိုးတွကိုပြန်သိမ်းပြီး သူ့ခွေးဆိုးကြီးတွေနဲ့ အတူ သရက်ပင်
ကြီးဆီကနေ ထွက်သွားပါတော့တယ်။ တကယ်တော့ အဖိုးအိုဟာ အဲဒီရွာကရွာ သူကြီးပဲဖြစ်သည်။
နောက်နော့င်နေ့တွေမှာတော့……… ရွာထဲက ကလေးတွေဟာ သရက်ပင်ကြီးခြေရင်းမှာ ဆော့ကစားပျော်မြူးရင်း၊ သရက်
သီးတွေစားကြရင်း ပျော်ရွှင်ကြလေသတည်း။ ။
ပုံပြင်လေးကို ဖတ်ပြီး သူငယ်ချင်းတို့ ဘယ်လိုအတွေးလေးတွေ၊ ဘယ်လိုအမြင်လေးတွေ ရသွားတယ်မပြောတက်ပေမဲ့
ကျွန်တော်ကတော့ သရက်သီးပေါ့သော တို့ပြည်လဲ ဒီသရက်ပင်လိုပဲ လားလို့တောင်တွေးမိသယောင်ပါပဲ။
လေးစားစွာဖြင့်………………………..ပန်းပျိုးလက်.
Translated by William, “The Mango Tree” Author unknown.

No comments:
Post a Comment
အားမှုကိုကျေးဇူးတင်ပါသည်။