Tuesday, March 18, 2014

ရိုးရိုးရှင်းရှင်း ပျူ ငှာခြင်းရဲ့ အမှတ်မထင်ရလာဘ်

နေသာလေလာသောနေ့ကလေးတနေ့ပါ…မာ့ခ်တယောက်ကျောင်းမှအိမ်သို့ အေးဆေးစွာလမ်းလျှောက်လာခဲ့သည်။ တွေးတွေးငေးငေး ပါပဲ…..အဲဒီအချိန်မှာပဲလမ်းချိုးတခုအရောက်အလောတကြီးနဲ့လမ်းလျှောက်လာတဲ့ ကောင်လေးတယောက်နဲ့ ၀င်တိုက်မိကြသည်။ကောင်လေးသယ်လာတဲ့ ဆွယ်တာအင်္ကျီနှစ်ထည်၊ ဘော့စ်ဘော ရိုက်တံ၊ခြေအိပ်နဲ့ တိပ်ရီကော်ဒါသေးသေးလေးတခု အဲဒါတွေမြေပေါ်မှာ ပြားလျှားခက် လွတ်ကျသွားတော့သည်။ မာ့စ် လည်း”သြော်..ကောင်လေးသနားပါတယ်”ဆိုပြီး..သူ့ပစ္စည်းပစ္စယတွေကိုကူညီကောက်ပေးလိုက်သည်။..ဖြစ်ချင်တော့ ကောင်လေးနဲ့ လမ်းကြုံနေတယ်လို့သိရတယ် ။ ကောင်းလေးရဲ့ ပစ္စည်းတွေကို ကူညီပြီးသယ်ပေးလိုက်ပါတယ်…။ သူတို့နှစ်ယောက်လမ်းလျှောက်လာကြရင်း စကားစမြည်းပြောဖြစ်တဲ့ အခါမှာတော့ ကောင်လေးနာမည်က ဘေလ် ဖြစ်ပြီးတော့သူကVideoGameကိုနှစ်သက်တယ်၊ ဘေ့စ်ဘောလည်းကစားတယ်၊ သမိုင်းဘာသာရပ်ကိုအဓိကလေ့လာနေတယ်ဆိုတာတွေသိရပါတယ်…။ နောက်ပြီးလက်ရှိမှာသူ့ကောင်မလေးနဲ့ ပြဿနာတွေဖြစ်၊ ကျောင်းစာတွေကမလိုက်နိုင် စတာတွေကြောင့် တော်တော်လေးစိတ်တွေကျဉ်းကြပ်နေတယ်လို့ပြောပါတယ်။

အဲလိုနဲ့ ဘေလ်ရဲ့ အိမ်ရှေ့လိုက်ပို့ဖြစ်တဲ့ အထိ မိတ်ဖြစ်ဆွေဖြစ် စကားပြောရာကနေ သူငယ်ချင်းအဖြစ်ရင်းနှီးခဲ့ကြပါသည်။ အဲဒီနောက်မှာတော့ ကျောင်းတူနေကြတာကြောင့် ကျောင်းမှာတွေ့ဖြစ်ကြပါတယ်..။ နေ့လည်စာ တစ်ခါ နှစ်ခါ အတူစားဖြစ်ကြသည်။ နောက်တော့ နှစ်ယောက်လုံးဂျူနီယာ အထက်တန်းကျောင်းအောင်မြင်ခဲ့ကြသည်။ ကျောင်းတကျောင်းထဲက အတူတူအောင်ကြပြီးတော့ ကျောင်းပိတ်ရက်တွေမှာတော့ သိပ်မတွေ့ဖြစ်ကြပါဘူး။ နောက်တော့..ဆီနီယာ အထက်တန်းကို တက်ကြတဲ့အခါ ရင်းနှီးသော ငယ်ပေါင်းတွေလို သူငယ်ချင်းတွေဖြစ်လာကြပါတယ်။ အချင်းချင်း ရိုင်းပင်းကူညီကြရင်း ကျောင်းတက်ရက်တွေ တစ်ရက်ပြီး တစ်ရက် ကုန်လွန်သွားလိုက်တာ နောက်ဆုံးစာမေးပွဲဖြေဖို့ သုံးပတ်လောက်အလိုမှာ ဘေလ်က ရုတ်တရက်ကောက်ခါငင်ကာ မေးတယ်…..စတွေ့တုန်းက ဖြစ်ရပ်ကို သတိတရရှိရှိပါပဲ……

“ ဟေ့ကောင်..မာ့စ် မင်းနဲ့ငါ စတွေ့ကြတုန်းက ငါဘာလို့ ပစ္စည်းပစ္စယတွေအများကြီးသယ်လာတယ်ဆိုတာမင်းသိလား…..” တဲ့…ပြီးတော့ သူကပဲဆက်ပြောတယ် “မင်းသိလား..အဲဒီတုန်းက ငါကျောင်းက ငါ့လော့ကာကိုရှင်းလာတာကွ….ဘာလို့လဲဆိုတော့….စိတ်ဓါတ်တွေကျပြီး ဘာကိုမှ လုပ်ချင်စိတ်မရှိတော့ဘူး…ကျောင်းလည်း မတက်ချင်ဘူး…ကစားကွင်းလဲမသွားချင်ဘူး…င့ါအတွက် ငါ့ဘ၀က လုံးဝအဓိပ္ပါယ်မဲ့နေခဲ့တာကွ….ဒါနဲ့ ကြံရာမရတဲ့ အဆုံး ကျောင်းကပစ္စည်းတွေအကုန်သိမ်းပြီး..ငါ့အမေဆီက ငါယူပြီးသိမ်းထားတဲ့ အိပ်ဆေးဗူးကို တဗူးလုံးသောက်ပြီး ကိုယ့်ကိုယ် ကို သတ်သေတော့မလို့ အိမ်ကို ခက်သွက်သွက် ပြန်လာတာပဲ…..အဲဒီမှာ မင်းလျှောက်လာတာကို ငါမမြင်ပဲဝင်တိုက်တာကွ….အမှတ်မထင်ပါပဲကွာနော်..ပြီးတော့ ငါတို့နှစ်ယောက် သူငယ်ချင်းတွေ အဖြစ် အခုလိုရင်းနှီးကြရတယ်…တယောက်ကို တယောက်က ကူညီတယ် ပြောင်လိုက်ကြ နောက်လိုက်ကြနဲ့..ပျော်စရာကောင်းတဲ့ အချိန်တွေကို ရခဲ့တယ် သူငယ်ချင်း ……….ပျော်တယ်ကွာ….ငါအရမ်းပျော်တယ်…အဲ……ဒါနဲ့ ငါအခုသေချာပြန် စဉ်းစားကြည့်မိတော့မှ တကယ်လို့သာ ငါ့ကိုယ် ငါ သတ်သေလိုက်ရင် အခုလိုပျော်ရတဲ့…..ပျော်ရွှင်မှုတွေငါလက်လွှတ်ဆုံးရှုံးရမယ်လို့ ငါသိလာတယ်…..သူငယ်ချင်း…..ဒါကြောင့်  မင်းငါ့ စာအုပ်တွေကူကောက်ပေး၊ ကူသယ်ပေးပြီး အိမ်အထိလိုက်ပို့ လိုက်ရုံလေး က ငါ့ရဲ့လက်ရှိဘ၀လေးကို ကယ်တင်လိုက်တာပါပဲ …..သူငယ်ချင်းရာ …။”

(” Everybody can be great…….You only need a heart full of grace. A soul generated by Love ”

Martin Luther King Jr.)

From “Condensed Chicken Soup For The Soul” ,

” A Simple Gesture ”   By  John W.Schlatter

Translated By    ,


William

No comments:

Post a Comment

အားမှုကိုကျေးဇူးတင်ပါသည်။