Tuesday, March 18, 2014

ကရုဏာလှိုင်းခက် ပန်းချီတချပ်

အမေရိကန်ရဲ့ နာမည်ကျော်သမ္မတကြီး ဧဘရာဟန် လင်ကွန်းဟာ  အမေရိကန်ပြည်တွင်းစစ်ကာလက ဆေးရုံကို ဒဏ်ရာရနေတဲ့ စစ်သားတွေကို အားပေးစကားပြောဖို့ရာ ရောက်ရှိခဲ့ပါလေသတဲ့……………………………..

သမ္မတကြီးရောက်တယ် ဆိုရင်ပဲ ဆရာဝန်တယောက်အနားရောက်လာပြီး သေလုဆဲဆဲ  စစ်သားလေးတယောက်ကို အရင်ဆုံးတွေ့ပေးဖို့ပြောတော့…..လင်ကွန်းက အဲဒီစစ်သားလေးအနားကို သွားပြီး….”အခုလိုအချိန်မျိုးမှာ ရဲဘော်အတွက် ကျွန်တော့်ကိုဘာများလုပ်ပေးစေချင်ပါသလဲ…”လို့ကရုဏာနဲ့ စစ်သားလေးကိုမေးလိုက်တယ်။ စစ်သားလေးဟာ သူ့ကိုမေးတဲ့သူဟာ သမ္မတကြီးလင်ကွန်းဆိုတာကို မှတ်မိဖို့နေနေသာသာ၊ သူပြောချင်တဲ့ စကားလုံးများကိုပင် လေသံသဲ့သဲ့ဖြင့်သာ ဖြည်းဖြည်း ညှင်းညှင်းဆိုပါတယ်…”ကျွန်တော်…ကျွန်တော့်အမေဆီကို စာရေးပေးချင်ပါတယ် ဗျာ…..”  ချက်ချင်းပဲ စာရွက်နဲ့ဖောင်တိန်ကို ထုတ်လိုက်ပြီး “ကဲ…..မောင်ရင်….ပြောသာပြောပါ…ကျွနိုပ်လိုက်ရေးပေးပါမယ်” ဆိုတော့…..စစ်သားလေးက နောက်ဆုံးအချိန်အနေနဲ့ရှိသမျှအားအင်များစုဆောင်းကာ “ကျွန်တော်ရဲ့ ချစ်လှစွာသော မေမေ ……ကျွန်တော် နိုင်ငံနဲ့ လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်……ကျွန်တော့်ရဲ့ တာဝန်များလစ်ဟင်းသွားမှုကို အရမ်းပဲဝမ်းနည်းမိပါတယ်….သားအတွက် အရမ်းစိတ်မကောင်းဖြစ်မနေပါနဲ့ မေမေ …..။ မယ်ရီ နဲ့ ဂျွန်ကိုလည်းသားအစား နမ်းလိုက်ပါ…..ဖေဖေ နဲ့ မေမေကိုဘုရားသခင်ကောင်းချီပေးပါစေ………။” အဲလိုပြောရင်းပဲ စစ်သားငယ်ဟာ အားနည်းပြီး ဆက်လက်ပြောဖို့ရာ ချိနဲ့ လို့နေပါတော့သည်…။ ဒါကြောင့် သမ္မတကြီးလည်းစာကို ရက်လိုက်ဖို့အနေနဲ့ စာလေးတစ်ကြောင်း ကိုရေးလိုက်ပါတယ်…….”သင်တို့၏သား အမောင်စစ်သား ရဲဘော်လေး ကိုယ်စား……ဧဘရာဟန်  လင်ကွန်း” ။  အဲဒီမှာတော့ စစ်သားလေးက “နောက်ဆုံး ရေးလိုက်တဲ့စာကို ကြည့်ပါရစေ….”လို့ပြောတော့ ..စာကိုပြလိုက်တဲ့အခါ ….အလွန်အင်မတန်မှ အားရ၀မ်းသာဖြစ်သွားပြီး…..”သင်က…တကယ်ပဲ  သမ္မတကြီးလားဗျာ။ ” လို့ခက်လေးလေးပြန်မေးပါတယ်….။ “ဟုတ်ပါတယ်….. လုံးဝအသေချာပါပဲ..ရဲဘော်” လို့ လင်ကွန်းကပြန်ဖြေပါတယ်….ရင်ထဲမှာလဲ စို့နစ်လို့နေတာမှလို့…ခက်တိုးတိုးသာပြန်ပြောလိုက်နိုင်တော့တယ်…..။ပြီးတော့….”တခြားဘာတွေများတောင်းဆိုပါဦးမလဲ…..ဘာများထပ်လုပ်ပေးစေချင်သလဲ”  လို့မေးလိုက်တယ်။  အဲဒီအချိန်မှာ  သူပြောတာက “ကျွန်တော့်လက်ကို ကိုင်ထားပေးပါလား……” လို့ပြောတယ်..နောက်ပြီး  ”ကျွန်တော့် ဘ၀ရဲ့ အဆုံးသတ်ကို ကျွန်တော်အဲလို ကျော်ဖြတ်ချင်လို့ပါလို့ပြောပါတယ်”။

အရေးပေါ်လူနာများထားတဲ့ အခန်းလေးထဲမှာ……ခက်ပိန်ပိန်အရပ်မြင့်မြင့်နဲ့ သမ္မတကြီးဟာ လူငယ်လေးရဲ့ လက်တွေကိုဆုပ်ကိုင်ရင်း သေခြင်းတရားနဲ့ရင်မဆိုင်ခင် လူငယ်လေးအားနွေးထွေးပျူငှာစွာ အားပေးစကားများပြောကာ…………ကရုဏာ ရဲ့ အငွေ့အသက်တို့လွင့်ပျံ နေတော့…..ခက်လှမ်းလှမ်းက ကြည့်နေတဲ့ ဆရာဝန်ကြီးလည်း မျက်ဝန်းအိမ်တွင် မျက်ရည်စတို့နဲ့ တိုးတိုးတိတ်တိတ်ကြေကွဲ…………..လူနာဆောင်လေးဟာ သွေးနဲ့ ရေးတဲ့ မှိုင်းမြမြ စုပ်ချက်ကြဲကြဲ ပန်းချီိကားလေးတချပ်အသွင်…..မှုန်ဝါးဝါး…..မှုန်ဝါးဝါး…….ရင်ခွင်တွေငိုနေကြတဲ့နေရာလေး ထင်ပါရဲ့……………။              ။

(” You must give time to your fellow men- even if  it’s a little thing, do something for others -something for which you get no pay but the privilege of doing it.”          By   Albert Schweitzer.)

Form “Condensed Chicken Soup For The Soul”,

“An Act Of Kindness”   refer from ” The Best of Bits & Pieces”

Translated By,

William

No comments:

Post a Comment

အားမှုကိုကျေးဇူးတင်ပါသည်။