Monday, March 17, 2014

အနက်ရောင်


မမှိန်သောအရောင်
တောက်ပနေရာများစွာ
ဖက်ရှင်နဲ့ ဒီဇိုင်းက
ခေတ်တခုရဲ့ ရင်ခွင်
အလှဆင်ဖို့ အခြံအရံ
ခဏဆိုတာတွေများလာတော့
ည တွေမှာအရောင်ရှိတာသိလာတယ်......။
သူ့မှာအရောင်ရှိတယ်
သူ့မှာအဆင်းရှိတယ်
သူ့မှာဖက်ရှင်ရှိတယ်
သူကအရောင်အားလုံးကို စုတ်ယူ
သူ့ကို စိတ်ခံစားမှုအဖြစ်ပြကြ
သူက အပူတွေကိုလက်ခံရယူ
သူ့ကိုတော့မြင်နိုင်မယ်မထင်ဘူး....
သူက အနက်ရောင် ဖြစ်နေလေရဲ့.........။    ။

No comments:

Post a Comment

အားမှုကိုကျေးဇူးတင်ပါသည်။