Saturday, April 2, 2016

ပြန်မလာဖို့ ခွင့်လွှတ်တယ်

Add caption



* ခွင့်လွှတ်ခဲ့တာကြာပါပီ
  ကျားကြောက်လို့ ရှင်ကြီးကို ကိုးခဲ့တာမဟုတ်
  မှားသွားလို့မှောက်အိပ်နေခဲ့တာပါ ။

* ဆေးမျှင်ရည်စုပ်ထိုးသလို
  ပြင်ရန်ခက်တဲ့ အမျိုးတွေမို့
  အဆိုးတွေကို ဥပေက္ခာပြုပေးခဲ့တာပါ ။

* အချက်မသိခဲ့လို့မဟုတ်
  အပြင်ထွက်မကြည့်ခဲ့လို့
  သူခိုးက သမက်အနှစ်နှစ်ဆယ်လုပ်သွားပြီ ။

 * ကတုံးပေါ် ထိတ်ကွက်
  ယောင်းမမြင်းစီးထွက်
  ဆန်ကောလောက်မှ ဇောက်မနက်
  စောက်ရှက်မှ မရှိတာကိုး ။

* နားလည်ပေးလွန်းလို့ "အ" တယ်မထင်ပါနဲ့
  အနာဂတ်ကလေးတွေ
  "မနက်ဖြန်" လှစေချင်လို့ပါ ။

* ဘာပဲပြောပြောလေ......ခွင့်လွှတ်ပါတယ်
  ပြီးတော့. . . . .တောင်းပန်ပါတယ်
  "ပြန်မလာပါနဲ့တော့" ......။  ။

                         ပန်းပျိုလက်(88)

ချစ်သူတွေရဲ့နေ့



*ဒီနေ့
ချစ်သူများနေ့မဟုတ်ပါဘူး
ဒဿ      ဂီရိ  က မယ်သီတာကိုခိုးတဲ့နေ့
အချစ်စစ်အတွက် အသက်ကိုစတေးတဲ့ဘီလူး
မယ်သီတာကို ရူးရူးမူးမူးချစ်သတဲ့ ......။

*ဒီနေ့
ချစ်သူများနေ့မဟုတ်ပါဘူး
ချစ်ခြင်းကို ကန့်ကွက်တားဆီးမှုတွေ
လဲပြိုစေခဲ့တဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတပါးရဲ့
အမည်နာမနဲ့နေ့ပါ .......။

*ဒီနေ့
ချစ်သူများနေ့မဟုတ်ပါဘူး
ဖြူ စင်စွာချစ်တက်တဲ့
နုလုံးသားတွေမွေးဖွားရာ
ကြည်ပြာရောင် နေ့ကလေးတစ်ရက်ပေါ့ .......။

*ဒီနေ့
ချစ်သူများနေ့မဟုတ်ပါဘူး
စစ်မှန်တဲ့ ချစ်ခြင်းကိုမြတ်နိုးသူတိုင်းအတွက်
နေ့တိုင်းဟာ ချစ်သူတွေရဲ့နေ့ပေါ့ ..... ။   ။


                                ပန်းပျိုးလက်(88)
                       (ချ စ်သူများနေ့အမှတ်တရ)

Sunday, June 8, 2014

ချစ်ခြင်း

 အတိတ်ထဲကအရိပ်တွေက
 လွမ်းစိတ်ကို ဖြစ်စေ
 အနမ်းတွေဝေးနေပေမယ့်
 အလွမ်းနဲ့ စိတ်ဖြေ
 လမ်းဆိုတာဖြောင့်မနေသလို
 မြစ်တွေက နောက်ပြန်မစီး
 ဖြစ်ပျက်ခဲ့တာတွေက သံယောဇဉ်
 ဘယ်ဓါးနဲ့ ဖြတ်ပါစေမပြတ်
 ကြားလေတွေ ဖြတ်ရင်တော့
 အမုန်းဆိုတာတွေ သက်တန်းရှည်နိုင်တယ်
 လှိုင်းတို့ရဲ့ နံရံတွေ ဒီရေအတက်
 အချ စ်ဆိုတဲ့ အရာက
 နေ့ရက်တွေတိုက်စားလို့မရတဲ့ ပုံဆောင်ခဲ
 သံယောဇဉ်စမ်းချောင်းကို
 သံသယရေတမံ မဆောက်လိုက်ပါနဲ့
 ရှင်သန်နေတဲ့ စပါးဆိုတာ ငါ့ဘ၀ဖြစ်နေလို့ပါ.....ချစ်သူ


 

Sunday, May 4, 2014

အတွေးနဲ့ရင်း၍ ရေးခဲ့သည် (၂)်

အမြင်တွေထင်ယောင် ထင် မှား
ဘဝအတွက်ပေါ့ပျက်ပျက်မဖြစ်အောင်
ဆားဆိုတဲ့နောင်တက ချိုစေ
အထားအသိုမတက်လို့
မှားကုန်ကြတာမှမဟုတ်တာ
အတ္တတွေမှိုတက်လို့
ယိုထိုးခံရတဲ့ဘဝမှာ မ နေ ချင် ဘူး
ငယ် ရွယ်သူတွေမို့
သ ပြေ ခက်နဲ့ကမ်းလက်တွေကြိုစေ
ချဉ် /ချို  /စပ် /ခါး
အရသာတွေများတဲ့လောကမှာ
ညစာတနှပ်အတွက်
လှော်တက်နဲ့ခက်တဲ့ လှေငယ်
ပင် လယ် ပြင် ကျယ် သ ရွေ့မရပ်လေနဲ့
လေ တ ဝှေ့
သံသရာ တ ကွေ့မှာပြန်တွေ့ကြရင်
ပြဿန တပွေ့ တပိုက်နဲ့
ငိုက် မ နေပါစေနဲ့ မိတ်ဆွေ ။  ။

Wednesday, April 30, 2014

အလွမ်းကဗျာ


အချစ်ဖြစ်လာတာ
အနှစ်သာရ  တွေနဲ့
ရစ်ပက်နေတဲ့နှောင်ကြိုး
အပြစ်ဆိုတာမရှိ
ချစ်မိနေခြင်းက သစ္စာ
မေတ္တာမှာအသွားအပြန်  ရှိတယ်
နှစ်နှစ်ကာကာပါလို့
အပိုတွေမ  ပြောပါဘူး
အချစ် ရူးလို့ပြောပြော
မသင့်ဘူးတဲ့ ဆူးဆိပ်တွေသင့်ပြီ
ဝေးနေတဲ့ ချစ်သူတွေမှာ
အလွမ်းကိုယ်စီနဲ့
ပြန်ဆုံမဲ့ရက်တွေတိုက်စားသွားအောင်
မိုးရွာပေးပါနှလုံးသားရယ်။

Sunday, April 6, 2014

အတွေးနဲ့ရင်း၍ ရေးခဲ့သည် (၁)

နေ့ရက်တွေမှာ ဘလာမပါကံစမ်းတွေနဲ့
တွယ်တာစရာ စကားလုံးပေါ့ပျက်ပျက်တွေ
လူ့လောကကို ဘောင် ဆိုတာနဲ့ကွပ်လိုက်ရင်
နေစရာနေရာတောင်ရှိတော့မယ်မထင်…..
လူတယောက်အတွက် တခြားတယောက်ကပေးဆပ်
အတွေးသက်သက် ပါပဲ…
အမေး ရှိလို့ အဖြေ ဆိုတာရှိခဲ့တာပါ
ခံစားချက်ဆိုတာကို ကချေသည်တယောက်ရဲ့
ပြက်လုံးတခုလိုပဲ တန်ဖိုးထားနေရင်တော့
ဘဝ ဆိုတာ အကွေ့တွေနဲ့တည်ဆောက်ထားတဲ့
ဝဏ်ကမ္ဘာဆန်ဆန် မြေပုံတခုဆိုတာသိသင့်တယ်…..
ပျက်နေလို့ ပြုပြင်လိုက်ရတာထက်
ပြုပြင်နေရင်းက ပျက်နေရင်ဘယ်လိုကောင်းနိုင်တော့မလဲ..
တောင်းပန်နေတိုင်း ခွင့်လွှတ်တက်တဲ့သူကကော
ပုထုဇဉ် ဖြစ်နေပါဦးမလား…
ဒီတော့…….
အတ္တဖယောင်းတိုင်ကို တဏှာမီး ညှိထားတဲ့
သူငယ်ချင်းရေ…..မင်းရဲ့နေ၀င်ချိန်တွေ သာယာပါစေကွာ………။    ။             

                                    ပန်းပျိုးလက်(31.3.2014)

Friday, March 21, 2014

နွေသီချင်းနဲ့ရင်ခွင်

ညနေတွေပျံသန်း
ကဗျာရဲ့မြောက်ပြန်လေခက်နွေးနွေး
အဝေးကဥသြတွေလွမ်းကြပြီ
နေညိုချိန်တွေနောက်ကျ
နီတောက်တောက်ကောင်းကင်ယံမှာ
အိပ်တန်းပြန်ငှက်တို့ ကကွက်စဉ်
ဟိုတပွင့် ဒီတစ
မြို့ပြကလေးမှာ မီးပွင့်တွေလင်းပျိုကျ…….
ရင်ခွင်နဲ့ရင်းတဲ့
အချစ်တွေ……………………..
နွေသီချင်းဆိုရင်းလှနေခဲ့ပြီ။